ရွှေတောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

ရွှေတောင် မေ ၁၉

ပဲခူးတိုင်း​ဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်ဒေါက်တာကျော်စိန်၏လူငယ်လမ်းညွှန်စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားတွင် ရွှေတောင်မြို့နယ် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ စာရေးဆရာမ ဧပရယ်ယုနိုင်မှ အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က လူငယ်များ စာပေပိုမိုဖတ်ရှုရေး၊ စာဖတ်ခြင်းဖြင့် အသိပညာပိုမိုရင့်သန်စေပြီး အနာဂတ်လူ့အဖွဲ့အစည်းအတွက် အကျိုးရှိသောလူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ စာဖတ်ဝိုင်းကျင်းပခြင်းဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့သည်။

အဆိုပါ ဒေါက်တာကျော်စိန်၏ လူငယ်လမ်းညွှန်စာအုပ်တွင် အခန်းပေါင်း (၈)ခန်းပါဝင်ပြီး လူငယ်များနှင့်ပတ်သက်သည့် သိသင့်သိထိုက်သော အကြောင်းအရာများကို တက်ရောက်လာသော စာပေချစ်မြတ်နိုးသူများက ဖတ်ပြဆွေးနွေးခဲ့ပြီး စာအုပ်ပါအကြောင်းအရာများ၊ သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြသည်။

ကိုကိုမင်း