စမ်းချောင်းမြို့နယ် Community Centre ခန်းမ၌ စာဖတ်ဝိုင်းဆောင်ရွက်

စမ်းချောင်း မေ ၂၆

လူငယ်များ စာပေနှင့်ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာဖတ်သည့် အလေ့အထများရရှိစေရန်၊ စာပေမှရရှိသည့်  အသိပညာဗဟုသုတရရှိစေရန်နှင့်  လူအများနှင့် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများ ရရှိစေရန်အတွက် ရည်ရွယ်ကာ စာဖတ်ဝိုင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက စမ်းချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် စာပေဝါသနာရှင်များက စာရေးဆရာ ညီညီနိုင်၏လူဆိုတဲ့လူ အစွမ်းအစရှိတဲ့လူ စာအုပ်အား စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စာဖတ်ဝိုင်းတွင် စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ငြိမ်းချမ်းဝင်းက စာဖတ်ဝိုင်း များဆောင်ရွက်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် စာပေဝါသနာရှင် မဝင်းလဲ့မောင်က ကွဲပြားခြားနားမှုရှိတာ လူ့သဘာဝပါ အကြောင်းအရာပါအချက်များကို ဆွေးနွေးသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် စာပေဝါသနာရှင်များက စာရေးဆရာညီညီနိုင်၏ လူဆိုတဲ့လူ အစွမ်းအစရှိတဲ့လူစာအုပ်ပါ အကြောင်း အရာများကို မိမိတို့ဖတ်ရှုထားသည့် အချက်အလက်များနှင့် ဆွေးနွေးခဲ့ကြ သည်။ အဆိုပါစာဖတ်ဝိုင်းတွင် စာပေဝါသနာရှင်လူငယ်(၁၀)ဦးခန့် ပါဝင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခင်ငြိမ်းချမ်းဝင်း