သင်္ဃန်းကျွန်း မေ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရှိ ကျောင်းသား လူငယ်လူရွယ်လေးများ အားလပ်ချိန်တွင် စာဖတ်ခြင်းဖြင့်အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာအုပ်၊ စာပေများနှင့် ရင်းနှီးကျွမ်းဝင်မှု ရှိလာစေရန်စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ယမန်နေ့ နံနက်ပိုင်းအချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ပြုလုပ်သော “ စာဖတ်စွမ်းရည်ပြိုင်ပွဲ ”ကို ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက “စာဖတ်စွမ်းရည်ပြိုင်ပွဲ” ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်အတွင်းရှိ ကျောင်းသား / သူ၊ လူငယ်လူရွယ်လေးများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီးပြိုင်ပွဲတွင် ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြ ကြောင်း သတင်းရသည်။
လှလှဌေး