ကျောက်ဆည် ဇူလိုင် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား/သူများ အာဇာနည်နေ့အကြောင်း သိရှိရှိစေရန်နှင့် စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် ယနေ့မွန်းလွဲ (၂) နာရီက ၂၀၂၂ ခုနှစ် ဇူလိုင် (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက အာဇာနည်ခေါင်းဆောင်ကြီးများ၏ စိတ်ဓာတ်နှင့် ကိုယ်ရေးအတ္ထုပတ္တိများအကြောင်းများ၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ အာဇာနည်စိတ်ဓာတ်များအကြောင်း သိရှိစေရန်အတွက် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။
ထို့နောက် ဦးစီးအရာရှိဒေါ်ခင်နှင်းရီက ကျောင်းသား/သူများအနေဖြင့် အာဇာနည် ခေါင်းဆောင်ကြီးများ ၏ အာဇာနည်စိတ်ဓာတ်များကို အတုယူကြစေလိုကြောင်း၊ ဗဟုသတပိုမိုကြွယ်ဝစေရေး ကျောင်းစာ အပြင် ပြင်ပစာပေများလည်း အချိန်ခိုက်တွင် ဖတ်၊ မှတ်၊ လေ့လာသွားကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အထက်တန်းအဆင့်ကျပန်းပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှ အထက်တန်းအဆင့် ကျောင်းသား/းသူများ ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)