မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲ Talk Show ကျင်းပ

မြစ်သား ဇူလိုင် ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် (၉)နာရီက လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြစ်သားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သီတာအောင်က ကလေးအလုပ်သမားများ လျော့နည်းစေရန်၊ အန္တရာယ်ရှိသော အလုပ်နှင့်အလုပ်ခွင်များတွင် လုပ်ကိုင်နေရသည့် ကလေးအလုပ်သမားများအား ဖယ်ရှားပြီး သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးနှင့် အသက်မွေးပညာကျောင်းများ တက်နိုင်ရေး စီမံဆောင်ရွက်ပေးရေး၊ အလုပ်ရှင်များအနေဖြင့်လည်း ကလေးသူငယ်များ၏ အခွင့်အရေးများဆိုင်ရာ ဉပဒေ၊ ကလေးသူငယ်များ၏ အခွင့်အရေးကို သိရှိနားလည်စေရန် ရည်ရွယ်၍  ဆွေးနွေးပွဲ ကျင်းပရခြင်း အကြောင်းကို ရှင်းလင်းပြောကြားပြီး မြစ်သားမြို့နယ် အမျိုးသမီးရေးရာအဖွဲ့အတွင်း ရေးမှူး (တရားလွတ်တော်ရှေ့နေ) ဒေါ်ထွန်းထွန်းမော်မှ ကလေးအလုပ်သမားနှင့် ပတ်သက်သည့်အဓိပ္ပာယ်ဖွင့် ဆိုချက်၊ ကလေးအလုပ်သမား ပပျောက်ရေးအတွက် အရေးကြီးပုံအကြောင်း ကလေးအလုပ်သမားများ လျော့နည်း ပပျောက်အောင် ကလေးများကို အကာအကွယ်ပေးရမည့် အကြောင်းအရာများနှင့် မြန်မာနိုင်ငံ၏ ကလေးအလုပ် သမားဉပဒေ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ပြစ်မှုနှင့် ပြစ်ဒဏ်များကိုလည်းကောင်း စသည့် အကြောင်းများကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။

                                                                                                                                                                                                                                                 သီတာအောင်(မြစ်သား)