နမ့်ဆန် ဇူလိုင်လ ၁၉
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေချစ်မြတ်နိုးတန်ဖိုးထားသူများ ပိုမို တိုးပွားလာစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများနှင့် ပူးပေါင်း၍ နမ့်ဆန်မြို့နယ် Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လည် (၂) နာရီ အချိန် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းမှ စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်း ပြောကြားပြီး လူ့ဘဝဇာတ်ခုံပေါ်က သရုပ်ဆောင်များ စာအုပ်မှ စာရေးသူအရှင်သီရိကဥ္စနဘိဝံသ၏ “လူ့ဘဝကြီးက နေရေးနှင့် သေရေးက အားလုံးသက်ဆိုင်တာမို့ လူတိုင်း ဖတ်သင့်သော စာအုပ်ဖြစ်ကြောင်း အိုခြင်း နာခြင်းသေခြင်းများကို မကြုံတွေ့ခင် အချိန်ကို အကျိုးရှိရှိ အသုံးချသင့်ကြောင်း” စသည့် အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး ဒေါ်အေးဝင်း Book Club အဖွဲ့ဝင်က ရယ်မောစရာ လွမ်းမောစရာ၊ သံဝေဂယူစရာ ဗဟုသုတ ဖြစ်ဖွယ်တွေ ပါဝင်နေသည့်အတွက် ဖတ်ရှုသူတိုင်း စိတ်နှလုံးချမ်းမြေ့နိုင်ပါကြောင်းစသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် (Book Club) အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန် ဖတ်ရှုဆွေးနွေးခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသ (ပြန်/ဆက်)