ကျောက်မဲခရိုင်ရုံး ပြန်/ဆက်ဝန်ထမ်းများက ကျောက်မဲမြို့ အမက (၇) ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်း ကွင်းဆင်းဆောင်ရွက်

ကျောက်မဲ ဩဂုတ် ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကျောင်းသား/ကျောင်သူ များအား စာအုပ်စာစောင်များ ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က ကျောက်မဲမြို့၊ အမက (၇) ကျောင်းတွင် စာဖတ်ဝိုင်း ကွင်းဆင်းဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် သုတ၊ ရသ၊ ကာတွန်းစာအုပ်များနှင့် ရုပ်ပြ အစရှိသောစာအုပ်များဖြင့် အဆိုပါကျောင်းသို့သွားရောက်ပြီး  အ-မ-က (၇)ကျောင်းရှိ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများအား ရုပ်ပြ၊ ကာတွန်း၊ ပုံပြင်စာအုပ်များ အချိန် ၁ နာရီပေး၍ ကြည့်ရှုစေခြင်း၊ မူလတန်းကလေးသူငယ်များ စာအုပ်စာပေနှင့်ရင်းနီးစေရန် ကလေးသူငယ်များ စိတ်ဝင်စားမည့် ပုံပြင်များကိုဖတ်ပြခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ကျောင်းသား/ကျောင်းသူလေးများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်၊ ဓါတ်ပုံများကို စိတ်ဝင်တစား ကြည့်ရှု့ခဲ့ကြသည်။

ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်   အကြောင်းအမျိုးမျိုးကြောင့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက် နိုင်ခြင်းမရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်သားကျောင်းသူများအတွက် ၂ ပါတ် တစ်ကြိမ်နှုန်းဖြင့်  နယ်လှည့်စာကြည့်တိုက် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)