နတ်မောက်မြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ကွင်းဆင်း ဆောင်ရွက်

 

နတ်မောက် စက်တင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ် ၂နာရီအချိန်က မြို့ပေါ်ရှိစားသောက်ဆိုင်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးက  မြို့နယ်အတွင်း စားသောက်ဆိုင်များတွင် ဝန်ဆောင်မှုပေးနေသည့် အမျိုးသား/အမျိုးသမီးများနှင့် ဆက်သွယ်လျက် လူကုန်ကူးမှုခံရမှုရှိ/မရှိ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အဖွဲ့ဝင်များနှင့် မြေပြင်ကွင်းစစ်ဆေးခြင်းနှင့်  လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပါ အကြောင်းအရာများနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့သည်။ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ကွင်းဆင်းရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန့်စင် မြို့နယ်စခန်းမှူး ဒုရဲမှူး၊ မြို့နယ်လ.၀.က ဦးစီးအရာရှိ၊ မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ ဒု-ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ လိုက်ပါဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း