မြင်းခြံခရိုင် ပြန်/ဆက်ရုံးတွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် စာစီစာကုံးပြိုင်ပွဲနှင့် ဟောပြောပွဲ ကျင်းပ

မြင်းခြံ စက်တင်ဘာ ၁၄

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် အခြေခံ ပညာအလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက်(၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။

စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် အခြေခံပညာအလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို “ပညာရှေ့ဆောင် ထွန်းလင်းပြောင်” ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါ စာစီစာကုံးပြိုင်ပွဲ သို့ အ.ထ.က(၁) ကျောင်းမှ ကျောင်းသား/သူ (၆) ဦး၊ အ.ထ.က (၂) ကျောင်းမှ ကျောင်းသား/သူ (၄) ဦး၊ အ.ထ.က (၃) ကျောင်းမှ ကျောင်းသား/သူ (၁) ဦး၊ အ.ထ.က (၄) ကျောင်းမှ ကျောင်းသား /သူ (၅) ဦး၊ အ.ထ. က(ထနောင်းတိုင်)ကျောင်းမှ (၁) ဦး၊ အ.ထ.က(ခွဲ) အလင်းရောင်ကျောင်းမှ ကျောင်းသား/သူ (၃) ဦး၊ အ.ထ.က(ခွဲ) ပျော်ဘွယ်စံပြ ကျောင် းမှ ကျောင်းသား/သူ (၂) ဦး စုစု ပေါင်း ကျောင်းသား/သူ (၂၂) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြသည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲအပြီးတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က စာဖတ်ရှိန်မြှင့်တင်ရေး ခေါင်းစဉ်ဖြင့် ကျောင်း သားလူငယ်များ စာပေကိုဖတ်ရှုလေ့လာနိုင်စေရန်အတွက် စာဖတ်ခြင်း၏ အကျိုး ကျေးဇူးများ၊ စာဖတ်ခြင်း၏ ရရှိလာမည့် အကျိုးစွမ်းပကား အကြောင်းများကို ဟောပြောခဲ့သည်။ ထို့နောက် ကျောင်းသား/သူများမှ မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များ၊ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ ကြည့်ရှုခဲ့ကြောင်းသိရသည်။

ကျော်စွာ(မြင်းခြံ)