ဟင်္သာတခရိုင် ပြန်/ဆက်ရုံး (Community Centre) ခန်းမတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ကျင်းပ

ဟင်္သာတ ဇန်နဝါရီ ၁၂

ဟင်္သာတခရိုင် ပြန်/ဆက် ဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် အသိပညာပေး   Talk Show ဆွေးနွေးပွဲကို  ယနေ့  နေ့လယ် ၁၁ နာရီက   ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန   ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် “ဓာတုပိုးသတ်ဆေး အကြောင်း သိကောင်းစရာ ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်ပြန်ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမာက  Talk Show  ဆွေးနွေပွဲ    ကျင်းပပြုလုပ်ရခြင်း နှင့်ပတ်သက်၍ မိတ်ဆက် ပြောကြားခဲ့ပြီး  ဟင်္သာတခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းက ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန အကြောင်း နှင့်ပတ်သက်၍ မိတ်ဆက်ဆွေးနွေးကာ ဓာတုပိုးသတ်ဆေး ၃ မျိုးအကြောင်း၊ လူသားတို့ ကျန်းမာရေး အတွက် ထိခိုက်မှုများ၊ ဓာတုပိုးသတ်ဆေးအန္တရာယ်ကာကွယ်ရန် နည်းလမ်းများ၊ ပတ်ဝန်းကျင်ပျက်စီးရခြင်း အကြောင်းအချက်များကို လည်းကောင်း လူတို့နေ့စဉ်လိုက်နာရမည့် ကိစ္စများစသည့် အကြောင်းအရာများအား   အသိပညာပေး  ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ကိုဇော် - ဟင်္သာတ