ဖားဆောင်းမြို့နယ်၌ စာပေချစ်သူများ စာဖတ်ဝိုင်းကျင်းပ

ဖားဆောင်း ဇန်နဝါရီ ၁၃

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၌ စာပေချစ်သူများမှ စာရေးဆရာ​​သော်တာ​ဆွေရေးသားသည့် ဤ​​လောက​မြေမဟီဝယ် စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက်(၁၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းသဲနုအောင်က စာပေချစ်သူများ အကြိုက်စာအုပ်ဖြင့် စာဖတ်သူအချင်းချင်း ဗဟုသုတများ အသိပညာများ မျှဝေဆွေးနွေးနိုင်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး စာရေးဆရာ​​ သော်တာ​ဆွေရေးသားသည့် ဤ​​လောက​မြေမဟီဝယ်စာအုပ်မှ အလှဘယ်မှာနည်း ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့သည်။

ထို့နောက် Book club အဖွဲ့ဝင် ဦး​ကျော်ဖြိုး​အောင်က အလွန်အလုပ်များ သူခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book club အဖွဲ့ဝင် ဦးနိုင်သူဝင်းက သူ့ခေတ်နှင့်သူခေါင်းစဉ်ဖြင့် လည်းကောင်း၊ အဖွဲ့ဝင် ဦးလှမျိုး​ဇော်က အနုနှင့်အကြမ်းခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးအပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းနှင့် ပြသထားရှိသည့်စာအုပ်၊ စာ​စောင်များကို ကြည့်ရှုအား​ပေးခဲ့ကြ​ကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း) ​ ​