နတ်မောက် ဒီဇင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများအားလုံး ပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေး လှုံ့ဆော်မှုလက်ကမ်းစာစောင်များအား ယနေ့ နံနက် (၁၁) နာရီအချိန်က မြို့မဈေးကြီးတွင် ဖြန့်ဝေပေးခဲ့သည်။
ထိုသို့ဖြန့်ဝေပေးရာတွင် “ဒို့အတူတူမဲပေးကြမယ်”လက်ကမ်းစာစောင်များကို ဈေးသွား၊ဈေးလာပြည်သူများ၊ ဈေးဆိုင်များနှင့် လူစည်ကားသည့် ကားဂိတ်များတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနဦးစီးအရာရှိ ဒေါ်ဥမ္မာခင်နှင့် ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြသည်။အဆိုပါလက်ကမ်းစာစောင်တွင် “ဒို့အတူတူမဲပေးကြမယ်” ၊ ရွေးကောက်ပွဲမှသည်ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှ လွဲ၍ အခြား နည်းမရှိ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူရွေးကြပါစို့ စသည့် အကြောင်းအရာများပါဝင်ကြောင်း သိရသည်။
လှဝင်း