မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အကြို စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

မန်တုံ ဒီဇင်ဘာ ၁

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးလူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ယနေ့ နံနက်ပိုင်းအချိန်က ဒို့ကျေးရွာ ဂျာနယ်အတွဲ (၁၉) ၊ အမှတ် (၁၉) စာစောင်မှ စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသည့် “အောင်မြင်ရေး နည်းပေးသူ” ခေါင်းစဉ်ဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို အလယ်တန်း ကျောင်းသား၊ ကျောင်းသူများနှင့် ကျင်းပခဲ့သည်။

စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်ယုယုအောင်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနများ၌ ကျောင်းသားလူငယ်လူရွယ်အတွက် စာဖတ်စွမ်းရည်များ ဆောင်ရွက်ပေးခြင်း ဖြင့်စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊  အပြန်အလှန် ဆွေးနွေးတတ်သည့်    အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာအုပ်စာပေမှရရှိသော ဗဟုသုတများဖြင့် အများအကျိုးဆောင်ရွက်နိုင်စေရန်၊ လူတိုင်းစာဖတ်ခြင်း အလေ့အထ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မအိချိုဇင်လင်း (Grade-7) မှ ရေးဒါလီယိုက ကမ္ဘာကျော် အမေရိကန် သန်းကြွယ်သူဌေးကြီး ဆိုပေမယ့်မျိုးရိုးနဲ့ ချမ်းသာခဲ့တာမဟုတ်ကြောင်း အစရှိသည့်စာပိုဒ်အားလည်းကောင်း၊ မအမ်ပွဲ (Grade-7) မှ သန်းကြွယ်သူဌေး ရေးဒါလီယိုရေးတဲ့ “အောင်မြင်ရေးအတွက် အခြေခံသဘောတရားများ” ဆိုတဲ့ စာအုပ်ဟာ စာအုပ်စျေးက မြန်မာငွေနဲ့ဆိုရင် သောင်းဂဏန်း ပေးရပါလိမ့်မယ်ဆိုသည့် စာပိုဒ်အားလည်းကောင်း၊  မအေးခမ်း (Grade-7) မှ ဘဝခရီးဆိုတာ မသိခြင်းတွေက အသင်္ချေ၊ အနန္တကို သိထားတာက နည်းနည်းလေးပါ အစ ရှိ သည့် စာပိုဒ်ဖြင့်လည်းကောင်း တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများမှ အသီးသီး ယှဉ်ပြိုင်ဖတ်ကြား ဆောင်ရွက်ခဲ့ပါသည်။

မန်တုံ ပြန်/ဆက်