တောင်သာမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခမ်းမ၌ ခေါင်းစည်းကြိုးပြုလုပ်နည်း သင်တန်းဖွင့်လှစ်

တောင်သာ  ဒီဇင်ဘာ   ၁၉ 

တောင်သာမြို့ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခမ်းမ၌ ခေါင်းစည်းကြိုး ပြုလုပ်နည်း သင်တန်းအား ယနေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။

 အဆိုပါသင်တန်းတွင်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ  ဒေါ်မြင့်ကေခိုင်က ပြောကြားရာတွင် အိမ်ရှင်မများ တစ်ပိုင်တစ်နိုင်စီးပွားဖြစ်လုပ်ကိုင်တတ်ပြီး မိသားစုအတွက် အပိုဝင်ငွေရှာတတ်စေရန်နှင့် မိမိ၏တီထွင်ဆန်းသစ်မှုကြောင့်စီးပွားရေး အကျိုးအမြတ်များရရှိနိုင်မှာဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိမှာဖြစ်ကြောင်း   ပြောကြားပြီးနောက် စက်ချုပ်ဆိုင်မှ ကေဇင်ငြိမ်း က နည်းပြအဖြစ် ဆောင်ရွက်ပြီးနောက် ခေါင်းစည်းကြိုးပြုလုပ်ပုံ အဆင့်ဆင့်အား ရှင်းလင်းပြသရာ တက်ရောက်သည့် သင်တန်းသူများမှာ စိတ်ပါဝင်စားစွာ ကိုယ်တိုင်ပါဝင်လုပ်ကိုင်ကြပြီး ယင်းခေါင်းစည်းကြိုးပြုလုပ်ရာတွင် အကျီစ(၁)ကိုက်လျှင် ငွေကျပ် (၃၅၀၀) ကျပ်နှင့်ခေါင်းစည်းကြိုးအတွင်းခံအဖြစ် မျှော့ကြိုး(၁)ကိုက်လျှင်(၂၀၀)ကျပ်ဖြင့် အကျီစ(၁)ကိုက်အတွက် မျှော့ကြိုး(၅)ကိုက်စာ (၁၀၀၀)ကျပ် စုစုပေါင်း(၄၅၀၀)ကျပ်ရင်းနှီးပြီး ပြန်လည်ရောင်းချရငွေမှာ အကျီ စ(၁)ကိုက်လျှင် ခေါင်း စည်းကြိုးကွင်းရေ(၂၀)ခန့်ရရှိ၍ စုစုပေါင်း ငွေကျပ်(၁၀၀၀၀)ကျပ်ရရှိ၍ အကျိုး အမြတ်များများရသည့် အပြင်စက်ချုပ်ဆိုင်တွင် အစပိုင်းလေးများဖြင့်လည်း အရင်းအနှီးမကုန်ကျပဲ လုပ်ကိုင်လျှင်လည်း တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိသဖြင့် လုပ်ကိုင်ဆောင်ရွက်သင့် ကြောင်း စက်ချုပ်ဆိုင်မှ မကေဇင်ငြိမ်းမှ ပြောကြားပြီးနောက်   တက်ရောက်လာသည့် သင်တန်းသူများမှာ စိတ်ပါဝင်စားစွာ ခေါင်းစည်းကြိုးများဆက်လက်ပြုလုပ်ကြကြောင်းသိရသည်။

အဆိုပါ ခေါင်းစည်းကြိုးပြုလုပ်ရမည့် လိုအပ်သည့် အကျီစများ၊မျှော့ကြိုးများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်က စီစဉ်ဆောင်ရွက်ပေးထားတာ ဖြစ်ကြောင်းနှင့်တက်ရောက်လာသည့်သင်တန်းသူများအား လက်ဖက်ရည်/မုန့်များတည်းခင်း ဧည့်ခံပေးခဲ့ ကြောင်းနှင့် ယင်းသင်တန်းသို့ မြို့ပေါ် ရပ်ကွက်အတွင်းရှိ စိတ်ပါဝင်စားသူ(၁၃)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)