ဘူးသီးတောင် ဖေဖော်ဝါရီ ၁၇
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန ရုံးရှေ့နံရံကပ်ပြဘုတ်တွင် (၇၅)နှစ် မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများကို ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများလေ့လာကြည့်ရှုနိုင်ရန် ယမန်နေ့ နေလယ်( ၁၁)နာရီခွဲအချိန်တွင်ပြသခဲ့သည်။
အဆိုပါ မြေစိုက်နံရံကပ်ဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရှရှားသံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ်အနေဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းပုံများ၊ နှစ်နိုင်ငံအကြီးအကဲများ တွေ့ဆုံမှုမှတ်တမ်းဓာတ်ပုံများ၊ မှတ်တမ်းဓာတ်ပုံ(၂၀) ပါဝင်ပြီး၊ အများ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရုံးရှေ့မြေစိုက်နံရံကပ်ဘုတ်တွင် ပြသဆောင်ရွက်မှုကို ကျောင်းသားကျောင်းသူများ၊ ပြည်သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြောင်း သိရသည်။
လှကျော်( ပြန်/ဆက်)