မိုင်းယောင်းမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်ငှားရမ်းပေး

မိုင်းယောင်း ဖေဖော်ဝါရီ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ယနေ့တွင် အခြေခံပညာကျောင်းများသို့ စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းခြင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်နှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ သွား ရောက်ပြီး သုတ၊ ရသ၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ ဂျာနယ်/စာစောင်များအား အခမဲ့ ငှားရမ်းပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း