မိုင်းယု ဖေဖော်ဝါရီ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် မှတ်တမ်း ဓါတ်ပုံများကို ယမန်နေ့မွန်းလွဲ(၁)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် ခင်းကျင်းပြသ ဆောင်ရွက်ထားလျက်ရှိသည်။
အဆိုပါ မြေစိုက်နံရံကပ်ဘုတ်၌ ဖေဖော်ဝါရီ(၁၈)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေး ထူထောင်မှု အထိမ်းအမှတ်အနေဖြင့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံအကြီးအကဲတို့၏ တွေ့ဆုံမှု မှတ်တမ်းဓာတ်ပုံများ၊ စုစုပေါင်း မှတ်တမ်းဓာတ်ပုံ(၂၀)ပုံကို ပြသထား၍ စာငှား/စာဖတ် ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများက လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)