နမ့်စန်(တ) ဖေဖော်ဝါရီ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ် နံရံကပ်စာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့နံရံကပ်ပြဘုတ်တွင် ယမန်နေ့ ညနေပိုင်းမှစ၍ ပြသဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။
အဆိုပါနံရံကပ်ပြဘုတ်တွင် မြန်မာနိုင်ငံသမ္မတများနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ အကြီးအကဲများတွေ့ဆုံဆွေးနွေးမှုများ၊ စီးပွားရေးအမြင်ဖလှယ် ဆောင်ရွက်ချက်များ၊ ထိပ်သီးအစည်းအဝေးများ တက်ရောက်မှုမှတ်တမ်းများ၊ နိုင်ငံပိုင်တည်ဆောက်ရေး လုပ်ငန်းများကို လေ့လာကြည့်ရှုမှု မှတ်တမ်းပုံများနှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ဆောင်ရွက်ချက်များကို ပြသထားရှိရာ ကျောင်းသား/ကျောင်းသူများနှင့် မြို့နေပြည်သူများက စိတ်ဝင်တစားကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)