ရေနံချောင်း ဖေဖော်ဝါရီ ၁၈
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ်ဓာတ်ပုံများ မြေစိုက်နံရံကပ်ဘုတ်တွင် ပြသခြင်းကို ယနေ့နံနက်ပိုင်းကစ၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ရှိ နံရံကပ်ဘုတ်တွင် ပြသဆောင်ရွက်ထားကြောင်း သိရသည်။
အဆိုပါ နံရံကပ်ပြဘုတ်တွင် မြန်မာနိုင်ငံသမ္မတများနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ အကြီးအကဲများတွေ့ဆုံ ဆွေးနွေးမှုများ၊ စီးပွားရေးအမြင်ဖလှယ် ဆောင်ရွက်ချက်များ၊ ထိပ်သီးအစည်းအဝေးများ တက်ရောက်မှုမှတ်တမ်းများ၊ နိုင်ငံပိုင်တည်ဆောက်ရေး လုပ်ငန်းများကို လေ့လာကြည့်ရှုနေမှု မှတ်တမ်းဓာတ်ပုံများနှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ဆောင်ရွက်ချက်များကို ပြသထားရှိရာ လမ်းသွားလမ်းလာပြည်သူများက စိတ်ဝင်တစားကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)