မိုင်းခတ် ဖေဖော်ဝါရီ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များ အသစ်လဲလှယ်ပေးခြင်းကို ယမန်နေ့ညနေ ၃ နာရီခွဲ အချိန်က မြို့နယ်ပညာရေးရုံးသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက် သို့ စာအုပ်များလာရောက်ငှားရမ်းရန် အခက်အခဲရှိနေသည့် စာဖတ်ပရိသတ်များအတွက် စာပေဖတ်ရှုမှု အဆင်ပြေစေရန် နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ သုတ၊ ရသစာအုပ်များကို မြို့နယ်ပညာရေးရုံးသို့ ယခင်ငှားရမ်း ပေးထားသော စာအုပ်များအား ပြန်လည်သိမ်းဆည်းပြီးယခုအပတ်တွင် သုတ၊ ရသ စာအုပ်အသစ်များကို ထပ်မံပြန်လည် ငှားရမ်းပေးခဲ့သည်။
မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ Mobile Library စနစ်ဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ရုံးများမှ ဝန်ထမ်းများ၊ အခြေခံပညာကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ မြို့ပေါ်ရှိရပ်ကွက်နေ တိုင်းရင်းသား ပြည်သူများအား စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းနှင့် အသစ်လဲလှယ်ပေးခြင်းတို့ကို အပတ်စဉ် ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)