ထန်းတပင်(ရန်ကုန်) ဖေဖော်ဝါရီ ၂၁
ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ စာပေကိုဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ တိုးတက်လာစေရန်၊ လူအများနှင့် ဆွေးနွေးပြောဆိုသည့် အလေ့အထများရှိလာစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ကျောင်းသား၊ကျောင်းသူများနှင့် ကျင်းပလျက်ရှိပြီး ယနေ့မွန်းလွဲပိုင်း တွင် "ကလေးတွေကျောင်းမှာအောင်မြင်ဖို့နည်းလမ်းများ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လဲ့လဲ့အေးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများကို ရှင်းလင်းပြောကြားခဲ့ပြီး ဦးစီးအရာရှိ ဒေါ်လဲ့လဲ့အေးနှင့်ကျောင်းသား၊ ကျောင်းသူများက စာရေးဆရာ ဒေါက်တာသိန်းလွင် (ပညာရေးစိတ်ပညာပါရဂူ) ရေးသားထားသည့် “ကလေးတွေကျောင်းမှာအောင်မြင်ဖို့ နည်းလမ်းများ” စာအုပ်ပါ အကြောင်းအရာများကို အလှည့်ကျဖတ်ကြားဆွေးနွေးခဲ့သည်။
ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာပေကိုချစ်မြတ်နိုးသည့် စာဖတ်ပရိသတ်များအတွက် စာဖတ်ဝိုင်းကို လစဉ်ကျင်းပပြုလုပ်ပေးလျက်ရှိပြီး ပြည်သူ့စာကြည့်တိုက်တွင်လည်း သုတ၊ ရသစာအုပ်၊ စာစောင်မျိုးစုံတို့ကိုလည်း စာဖတ်ပရိသတ်များ ငှားရမ်းဖတ်ရှုနိုင်ရေး ဝန်ဆောင်မှုများကိုပေးလျက်ရှိကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)