ရန်ကင်းမြို့နယ်တွင် (၇၈) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ရန်ကင်း မတ် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကင်းမြို့နယ်ရုံးမှ ဦးစီးအရာ ရှိနှင့် ရုပ်သံ-၃တို့မှ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ယနေ့နံနက် (၉) နာရီခွဲအချိန်က ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများထံသို့ လက်ဝယ်အရောက် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါလက်ကမ်းစာစောင်တွင် (၇၈) နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားကို ဦးလည်မသုန်ထမ်းရွက်ခဲ့၊ စွမ်းအားရှိသမျှ ကာကွယ်ပေးမယ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ၂၇-၃-၂၀၂၂ ရက်နေ့ (၇) နှစ်မြောက်တပ်မတော်နေ့ စစ်​ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ ကဗျာ၊ ကာတွန်းစသည့်အချက်များ ပါဝင်သည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်များကို ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အိရွှေစင်