သံဖြူဇရပ်မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ “လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲပြုလုပ်

သံဖြူဇရပ် မတ် ၁၇

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်၌ လူကုန်ကူးမှုလျော့နည်းစေရန်ရည်ရွယ်၍ လူငယ်များအား လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး​ဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်အေးအေးသီက လူကုန်ကူးမှု၏ အဓိပ္ပါယ်၊ လူကုန်ကူးမှုဆိုသည်မှာ၊ ဘယ်လို လူမျိုးတွေလူကုန်ကူးခံရပါသလဲ၊ လူကုန်ကူးမှုဖြစ်စဉ်များ စသည့်အကြောင်းအရာများကို ရှင်းလင်းဟောပြောသည်။

ဆက်လက်၍ အသိပညာ​ပေးနံရံကပ်နှင့် စာအုပ်ပြပွဲကိုပြသရာ လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာ​ပေး အကြောင်းအရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အကြောင်းအရာပါ ဗီနိုင်းပိုစတာနှင့် ဗဟုသုတရစေမည့် သုတစာအုပ်များကိုပြသရာ ဟောပြောပွဲသို့တက်ရောက်လာသည့် နွေရာသီကျောင်းပိတ်ရက် မွန်စာပေသင်တန်းမှ လူငယ်များက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)