မိုင်းခုတ် မတ် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဝန်ထမ်းများက နယ်မြေခံတပ်ရင်းတပ်ဖွဲများနှင့် ဌာနဆိုင်ရာ အသင်းအဖွဲ့များထံ လက်ဝယ်အရောက်သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့ ဉီးတည်ချက်များ၊ ၁၃-၇-၁၉၄၇ ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသော ပြည်သူ့အစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် မိန့်ခွန်းမှ “စွမ်းအားရှိသမျှ ကာကွယ်ပေးမယ်” ခေါင်းစဉ်ဖြင့် ကောက်နုတ်ဖော်ပြချက်၊ တပ်မတော်၏ အား(၁၀)ပါး၊ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်၊ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားကို ဉီးလည်မသုန်ထမ်းရွက်ခဲ့၊ ၂၇-၃-၂၀၂၂ ရက်နေ့ (၇၇)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဉီးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင် ပြောကြားသည့်မိန့်ခွန်းမှ “အမျိုးသားနိုင်ငံရေး တာဝန်များကို သစ္စာရှိရှိ ကျေပွန်စွာထမ်းဆောင်” ခေါင်းစဉ်ဖြင့် ကောက်နုတ်ဖော်ပြချက်၊ ၂၃-၃-၂၀၂၂ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှ ဖိုးလေးလုံးသောင်း ကိုကို၏ “ပြည်သူချစ်တဲ့တပ်မတော်” ကဗျာနှင့် ကာတွန်းများဖြင့် ကဏ္ဍာစုံလင်စွာ ဖော်ပြထားကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)