လှိုင်းဘွဲမြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေ

လှိုင်းဘွဲ မတ်လ ၁၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ပေးပို့သည့် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာ အထက်တန်း ကျောင်း၊ အခြေခံပညာ  အထက်တန်းကျောင်း(ခွဲ)နှင့် လူစည်ကားရာနေရာများ၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင်က (၇၇)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပြောကြားခဲ့သည့် မိန့်ခွန်း၊ ပြည်သူချစ်တဲ့ တပ်မတော်၊ နိုင်ငံတော်နှင့် နိုင်ငံသား အကျိုးစီးပွားကို ဦးလည်မသုန်ထမ်းရွက်ခဲ့၊ (၇၈)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ အသက်သွေးချွေး စဉ်မနှေး ပေးဆပ်သည်မှ တပ်မတော်ပါ၊  စွမ်းအားရှိသမျှ ကာကွယ်ပေးမယ်၊ တပ်မတော်၏ အား(၁၀)ပါး၊ တပ်မတော်အင်အားရှိမှ တိုင်းပြည် အင်အားရှိမည် စသည့် အကြောင်းအရာများ ပါဝင်ပြီး လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက တပ်မတော်နေ့နှင့် ပတ်သက်၍ ကျောင်းသား၊ကျောင်းသူများနှင့် မိဘများ၊ ပြည်သူများ သိရှိနိုင်စေရန်အတွက် လူစည်ကားရာ နေရာများတွင် အခမဲ့ လှည့်လည်ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)