နယ်ရုံးများ၏သတင်းများ

Feb 09,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ဟောဝင်းအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (၇၆)နှစ်မြောက် ပြည် ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် ၈ နာရီအချိန်က အခြေခံပညာကျောင်းရှေ့ စာသင်ခန်းများနှင့် ဆရာ/ဆရာမများထံ အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
Feb 09,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နေ့လယ်ပိုင်းက (၇၆)နှစ်မြောက်ပြည်‌ထောင်စုနေ့ကို အကြိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနေ့ကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 09,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်(အကြို) တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကပြိုင်ပွဲကို မြို့နယ် လူထုအခြေပြုဗဟိုဌာန  (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
Feb 09,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ အသိပညာဗဟုသုတ တိုးပွားစေရန်၊ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်လိုစိတ်များ ထက်သန်လာစေရန်၊ မြန်မာ့ရိုးရာဆိုရိုးစကားနှင့် စကားပုံများကို သိရှိစေရန် ရည်ရွယ်၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
Feb 09,2023
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် အားကစားပြိုင်ပွဲများ ကို ယနေ့ နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
Feb 09,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် (၁၀)အချိန်က အ.ထ.က(ရှားဖြူကွင်း)အစည်းအဝေးခန်းမ၌ ကျင်းပသည်။