တောင်ကြီး မတ် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ရှမ်းပြည်နယ်မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းအဖွဲ့ညှိနှိုင်း အစည်းအဝေး (၁/၂၀၂၃) ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲက ကျင်းပသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်က အဖွင့်အမှာစကားပြောကြားပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းတို့၏ တိုးတက်မှုအခြေအနေအား ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ်အဆင့် မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းအဖွဲ့ဝင်များမှ လုပ်ငန်းဆောင်ရွက်ချက်များအား ဆွေးနွေးတင်ပြကြပြီး ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ဇော်နိုင်လင်း