ကွတ်ခိုင်မြို့တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ်အကြို သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်‌ဝေ

ကွတ်ခိုင် မတ် ၂၀

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ထုတ်ဝေခဲ့သည့် ၂၀၂၃ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့တွင် ယနေ့ နံနက်(၁၀)နာရီ အချိန်က ကွတ်ခိုင်မြို့ အမှတ်(၂)ရပ်ကွတ် သာသနာ့ရိပ်သာကျောင်းနှင့် မြို့မဈေးတို့တွင် ဖြန့်ဝေခဲ့ပါသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏အား (၁၀)ပါး၊ ၂၀၂၂ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့ (၇၇)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခန်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ပြောကြားခဲ့သည့် မိန်ခွန်းကောက်နုတ်ချက်များ၊ (၁၃.၇.၁၉၄၇) ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသော ပြည်သူ့ အစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နုတ်ချက် များ၊ (၂၃.၃.၂၀၂၂)ရက်နေ့ထုတ် မြန်မာအလင်းသတင်းစာတွင် စာရေးဆရာ ဖိုလေးလုံးသောင်းကိုကို ရေးသားထားသော ပြည်သူချစ်တဲ့တပ်မတော် ကဗျာနှင့် တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်၊ အသက်သွေးချွေး စဉ်မနှေး ပေးဆပ်သည်မှာ တပ်မတော်ပါစသည့် တပ်မတော်ကိုယ်စားပြု သတင်းစကားများကို ထည့်သွင်းဖော်ပြထားပါသည်။ ဒေသခံပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများ လူငယ်များနှင့် လမ်းသွားလမ်းလာ အလုပ်သမားများကို (၇၈)နှစ်မြောက်တပ်မတော်နေ့ကို အစဉ်အောက်မေ့ သတိတရရှိစေရန် ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်

ချစ်မျိုးဦး( ကွတ်ခိုင်)