ပုသိမ်ကြီး မတ် ၂၀
လူငယ်လူရွယ်များ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ ကိုရီးယားရိုးရာ တိုက်ကွမ်ဒို အားကစားနည်း အခြေခံသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၇ နာရီက ပုသိမ်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇင်မင်းထွန်း က အဖွင့်အမှာစကားပြောကြားပြီး တိုက်ကွမ်ဒို အားကစားနည်းပြ ဒေါ်ဝတ်ရည်မွှေးက သင်တန်းနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားသည်။ တိုက်ကွမ်ဒို လေ့ကျင့်ခန်းများသည် ကြွက်သားလေသံကို တိုးစေပြီး မှန်ကန်သော ကိုယ်ဟန်အနေအထား၊ ကြွက်သားများနှင့် အရိုးများဆိုင်ရာ ရောဂါများကို ကာကွယ်ပေးသည်။ ထိုကိုယ်ခံပညာရပ်၏ ထူးခြားချက်တစ်ခုမှာ တိုက်ခိုက်ရေးအတွက် ခြေထောက်များကို တက်ကြွစွာ အသုံးပြုခြင်းဖြစ်သည်။
အဆိုပါသင်တန်းအား တစ်လဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၅၀ ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။ မြို့နယ်ပြန်/ဆက်