ပျော်ဘွယ်မြို့နယ်ရုံး Community Centre ခန်းမတွင်နွေရာသီ အခြေခံကွန်ပျူတာ သင်တန်းဆင်းပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

ပျော်ဘွယ် မတ် ၃၀

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးဆောင်၍ ဖွင့်လှစ်ခဲ့သော နွေရာသီအခြေခံကွန်ပျူ တာသင်တန်းဆင်းပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို  ယနေ့ နံနက်(၁၀)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင်ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရမည်းသင်းခရိုင် လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက  ယနေ့ခေတ်သည်နည်းပညာခေတ်ဖြစ်သောကြောင့် ယခုလို သင်တန်းမျိုးသည် လူငယ်တိုင်း တက်ရောက်သင့်သည့်သင်တန်းတစ်ခုဖြစ်ပါကြောင်း၊ နည်းပညာ ဆိုင်ရာတိုးတက်စေရန် စဉ်ဆက်မပြတ်လေ့လာ သင်ယူသွားရန်လိုအပ်ပါကြောင်း စသည်တို့ကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ ရမည်းသင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုး၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ၊ ဒေါ်မြကြေးမုံ နှင့်တာဝန်ရှိသူများက အခြေခံရှေးဦးပြုစုနည်းသင်တန်းနှင့် အခြေခံကွန်ပျူတာသင်တန်းတို့တွင်ထူးချွန်သူများနှင့် သင်တန်း ဆင်း လက်မှတ်များကို ပေးအပ်ကာ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက အခြေခံရှေးဦးပြုစုနည်း သင်တန်းတွင် သင်ကြားပို့ချခဲ့သည့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးသန်းဝင်းအား အမှတ်တရလက်ဆောင်ပေးအပ်ချီးမြှင့်ပြီး သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်များအချိန်ကိုအကျိုးရှိစွာ အသုံးပြုနိုင်ရန်ရည်ရွယ်၍ အခြေခံရှေးဦးပြုစုနည်းသင်တန်းနှင့် အခြေခံကွန်ပျူတာ အသုံးပြုနည်းသင်တန်းတို့ကို နွေရာသီသင်တန်းများအဖြစ်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး မကြာမီရက်ပိုင်းတွင် လည်း ကဗျာရေးစပ်နည်းသင်တန်းကို ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)