သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး Talk Show ဆောင်ရွက်

သံတွဲ မတ် ၃၁

သံတွဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယမန်နေ့နံနက် ၁၀ နာရီက  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး Talk Show  ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေး Talk Show တွင် ယာဉ်မောင်းများအနေဖြင့် ယာဉ်မောင်းလိုင်စင်ပါရှိရေး၊ မော်တော်ယာဉ် လိုင်စင်ကားနှင့်အတူထားရှိရေး၊  မော်တော်ယာဉ်များ ဖေါင်းကြွနံပတ်ပြား လဲလှယ်တပ်ဆင်ရေး၊ မောတော်ယာဉ်များ စနစ်တကျရပ်တန့်ရေးနှင့် ဆိုင်ကယ်စီးနင်းသူများအား မော်တော်ဆိုင်ကယ်ဥပဒေအရ မောင်းနှင်ရာတွင် ရှေ့မီးအနိမ့်ဖွင့်မောင်းနှင်ရန်နှင့် ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ မေးသိုင်းကြိုး စနစ်တကျ တပ်ဆင်မောင်းနှင်ကြရေးတို့ကို  သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်နှင့် သံတွဲမြို့ အမှတ်(၂၄)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး ဒုရဲမှူးဉာဏ်မင်းကိုကိုတို့က မောတော်ယာဉ်မောင်းနှင်သူများ၊ မော်တော်ဆိုင်ကယ်စီးနင်းသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများသိရှိနားလည်ပြီး ကြိုတင်ကာကွယ် ဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။

ထို့အပြင်   ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ Talk Show များ၊ အသိပညာပေးဟောပြောပွဲများနှင့် ဆွေးနွေးပွဲ၊ လူငယ်စကားဝိုင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါသည်။

ခရိုင်(ပြန်/ဆက်)