သရက်ချောင်း မတ် ၃၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Center) ခန်းမ၌ ဖွင့်လှစ်ခဲ့သည့် အခြေခံပန်းချီရေးဆွဲနည်း သင်တန်းကို ယနေ့နံနက် ၁၀နာရီက သရက်ချောင်းမြို့၊ လူထုအခြေပြဗဟိုဌာနတွင် သင်တန်း ဆင်းပွဲကျင်းပခဲ့သည်။
ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်နန်းခလိုက်ရှုက အဆိုပါသင်တန်းဖွင့်လှစ်ရခြင်းမှာ ကျောင်းသား/သူများ နွေရာသီ ကျောင်းပိတ်ရက်၌ အချိန်ကိုအကျိုးရှိတွင်အသုံချတက်စေရန်၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေရန်၊ ကျောင်းစာအပြင် ဗဟုသုတများတိုးပွားလာစေရန်ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကိုဖွင့်လှစ်ပေးခဲ့ပြီး နောက်လမှာလည်း သင်တန်းများဖွင့်လှစ်ပေးရန် ရည်ရွယ်ထားကြောင်းပြောကြားခဲ့သည်။
ထို့နောက် ပန်းချီဆရာ ဆရာဇော်သန့်က ကျောင်းသား/သူများအား ပန်းချီပညာနှင့် ပတ်သက်၍ အခြေခံနည်းစနစ်များကို သင်ကြားပေးခဲ့ကြောင်း ယခုပန်းချီသင်တန်းတွင် ပန်းချီရေးဆွဲနည်းများ၊ မျဉ်းအကြောင်း၊ဆတိုး/ဆခွဲနည်း၊ ခန္ဓာကိုယ်ရေးဆွဲနည်း၊ သစ်ပင်ပန်းမာလာရေးဆွဲနည်း၊ အနီးအဝေးအနေအထား၊ အရာဝထ္တုရေးဆွဲနည်းစသည့်ဖြင့်ပန်းချီရေးဆွဲနည်းများကို ကျောင်း သား/သူများလွယ်ကူသည့်နည်းများဖြင့် သင်ကြားပေးခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းကို ကျောင်းသား/သူ (၂၆)ဦး တို့ဖြင့်မတ် ၂၈ရက်နေ့မှ ၃၁ရက်နေ့အထိ စာတွေ့/လက်တွေ့နည်းများဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်းသိရသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)