လောင်းလုံးမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲကျင်းပ

လောင်းလုံး မတ်  ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် စာကြည့်တိုက်သို့ ပြည်သူလူထုများ စဥ်ဆက်မပြတ် စာအုပ်စာစောင်များ လာရောက် ငှားရမ်းဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ နေ့လယ်(၁၂)နာရီအချိန်က ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲများကို ကျင်းပသည်။

အဆိုပါဆောင်ရွက်မှုတွင် လောင်းလုံးမြို့နယ်ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဒေါ်သိန်းသိန်းက စာဖတ်ခြင်းကြောင့်ရရှိလာသောအကျိုးကျေးဇူးများအား အသိပညာပေးခြင်းများကို ဟောပြောဆောင်ရွက်ပေးခဲ့ပြီး ဦးစီးအရာရှိနှင့် ဝန်ထမ်းများက တက်ရောက်လာသော ပြည်သူလူထုများအား စာအုပ်စာစောင်များကို ပြသဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။

သိန်းသိန်း(လောင်းလုံး)