ကျွန်းစု ဧပြီ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာ အသိပညာပေး (Talk Show) ကို ယမန်နေ့မွန်းလွဲ (၁)နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေး (Talk Show) တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးသန္တာဖြိုးက အပူဒဏ်ကာကွယ်ရေးများထဲမှ သတိပြုရမည့်အချက်များ၊ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်းများအကြောင်း၊ အပူဒဏ်ကြောင့် သတိလစ်ခြင်းအကြောင်း၊ အပူဒဏ်ကြောင့်ရောဂါများ ခံစားရမည်ဆိုလျှင် ရှေးဦးပြုစုနည်းများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းအသိပညာပေးပြောကြားခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်စိုးစိုးသွယ်က အပူဒဏ်ကာကွယ်ရေးလိုက်နာ ဆောင်ရွက်ရမည့်အချက်များဖြစ်သည့် နံနက်(၁၀)နာရီမှ ညနေ(၅)နာရီအတွင်း မြစ်ကမ်းနား၊ ရေဆိပ် စသည်တို့တွင် ရေချိုးခြင်းမှရှောင်ကျဥ်ခြင်း၊ အရိပ်ရအေးမြသောနေရာများတွင်နေခြင်း၊ နေပူထဲမှပြန်လာပြီး ချက်ချင်းရေချိုးခြင်းမှ ရှောင်ကျဥ်ခြင်း၊ နေပူထဲတွင်ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများ မပြုလုပ်ခြင်း၊ အလင်းရောင်ပြန်သော အဖြူရောင် (သို့မဟုတ်) အရောင်ဖျော့ဖျော့ အဝတ်အထည် များကိုဝတ်ဆင်ခြင်း၊ ချွေးထွက်လွန်ပါက ကိုယ်တွင်းရှိ ရေနှင့်ဓာတ်ဆားဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းနိုင်ရန် ဓာတ်ဆားရည်သောက်ခြင်းစသဖြင့် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုးစိုးသွယ် (ကျွန်းစု ပြန်/ဆက်)