ဂွ ဧပြီ ၂၄
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နေ့လယ်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
လူငယ်ရေးရာ အသိပညာပေး လုပ်ငန်းများအဖြစ် "သက်ငယ်မုဒိမ်းမဖြစ်စေရန် ကြိုတင်ကာကွယ်ရေး" အသိပညာပေး ဟောပြောပွဲနှင့် "အကြမ်းဖက်မှုကိုကာကွယ်ပါ" အသိပညာပေး Talk Show များကိုဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လူငယ် လူရွယ်များအနေဖြင့် လူမှုအသိုင်းအဝိုင်းများနှင့် အဆင်ပြေနိုင်စေရေး၊ အမျိုးသမီးများနှင့် ကလေးငယ်များ အကြမ်းဖက်မှုမှ ကင်းဝေးစေပြီး ကြိုတင်ကာကွယ်ရေးအစီအစဥ်များ ပါဝင်ကြောင်းနှင့် အကြမ်းဖက်ခြင်းအမျိုးအစားများအား ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေး (Talk Show)လုပ်ငန်းများကို လစဥ် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် We Love Gwa Facebook Page နှင့် ဂွမြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Page တို့တွင် လွှင့်တင်ဖော်ပြပေးလျက်ရှိကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်