ရေနံချောင်းမြို့နယ်၌ နွေရာသီ အခြေခံအင်္ဂလိပ်စာ (Grammar) သင်တန်းဖွင့်လှစ်

ရေနံချောင်း ဧပြီ ၂၄

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နွေရာသီအခြေခံအင်္ဂလိပ်စာ(Grammar) သင်တန်းကို ယနေ့နံနက် ၈ နာရီခွဲက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမီအောင်က နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ကျောင်းသင်ခန်းစာများတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်ကာ ယခုလို အခြေခံအင်္ဂလိပ်စာ (Grammar) သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် သင်တန်းဆရာက သင်ကြားပို့ချမည့် အခြေခံအင်္ဂလိပ်စာ (Grammar) သင်ခန်းစာအကြောင်းအရာများကို ဆက်လက်ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းကို ဧပြီ ၂၄ ရက်မှစတင်ကာ နေ့စဉ်နံနက် ၈ နာရီခွဲမှ ၉ နာရီခွဲထိ သင်တန်းကာလ တစ်လကြာ သင်ကြားပို့ချ‌ပေးသွားမည်ဖြစ်ပြီး သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၂၀ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်