ဘူးသီးတောင်မြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းများသို့ သွားရောက်ပြီး ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး လက်ကမ်းစာစောင်များဖြန့်ဝေ

ဘူးသီးတောင် ဧပြီ ၂၅

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့နေလည် ၁၁ နာရီအချိန်က ဂန္ဓာရီယာယီခိုလှုံရာစခန်းများသို့ သွားရောက်ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ထို့သို့လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်စောမိုးက ယာယီခိုလှုံရာစခန်းရှိ ပြည်သူများအား ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီမှ အေးချမ်းသာယာတည်ငြိမ်ယာယီနေရပ်စွန့်ခွာသူများ ဘေးကင်းလုံခြုံမှုရှိစေရန်၊ ဂုဏ်သိက္ခာရှိစွာနှင့် အမှီအခိုကင်းစွာဖြင့် မူလနေရပ်များသို့ ပြန်လည်အခြေချ နေထိုင်နိုင်ရေးတွင် တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးစသည်တို့နှင့်အတူ အခြားသောတိုင်းနှင့်ပြည်နယ်များတွင်လည်း ယာယီခိုလှုံရာစခန်းများရှိ ပြည်သူများမိမိနေထိုင်ရာကျေးရွာများသို့ ပြန်လည်ပို့ဆောင်ပေးနေပြီဖြစ်ကြောင်း စသည့်တို့ကိုပြောကြားပြီး ပြည်တွင်းနေရပ် စွန့်ခွာသူများ ပြန်လည်နေရာချထားရေး လက်ကမ်းစာစောင်များ (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)