ကျိုက်ထို ဧပြီ ၂၈
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကော့စံနိုင်ရပ်ကွက်၊ ဘောဂနာပိုင်းသို့ သွားရောက်ကာ(အခမဲ့)စာအုပ် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးရာတွင် ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှဝန်ထမ်းများက စာကြည့်တိုက်သို့ အလုပ်မအားလပ်၍ မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ်ပြည်သူများအား အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာအုပ်စာပေများကိုဖတ်ရှုသည့် အလေ့အထ ကောင်းများရရှိစေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးရည်ရွယ်ပြီး သုတ၊ ရသစာအုပ်များကို တစ်ပတ်ငှားစနစ်ဖြင့် ငှားရမ်းပေးခဲ့သည်။
အဆိုပါမိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင်များ(အခမဲ့)ငှားရမ်းပေးခြင်းကို တစ်ပတ်ပြည့်လျှင် စာအုပ်၊ စာစောင်အသစ်များဖြင့် လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်