ကျိုက်ထို ဧပြီ ၂၈
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် အခြေခံပညာရေးဦးစီးဌာနမှ ၂၀၂၂/၂၀၂၃ ပညာသင်နှစ် အောင်စာရင်း ထုတ်ပြန်ချက်အား ဧပြီ ၂၇ ရက် နံနက်ပိုင်းက သက်ဆိုင်ရာကျောင်းများ၌ ထုတ်ပြန်ခဲ့သည်။
ယင်းသို့ထုတ်ပြန်ရာတွင် အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲ၊ အခြေခံပညာအလယ်တန်း ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ၊ အခြေခံပညာမူလတန်းလွန်၊ အခြေခံပညာမူလတန်း၊ အခြေခံပညာမူလတန်းခွဲ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများ စုစုပေါင်း (၁၅၈) ကျောင်းတို့၌ အောင်စာရင်းများအား ထုတ်ပြန်ထားကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)