သိန္နီမြို့၌ စာပေဗဟုသုတ ကြွယ်ဝစေရေး စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများဆောင်ရွက်

သိန္နီ မေ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့တွင် ပြည်သူများ စာဖတ်ရှိန်မြင့်မားလာစေရေး၊ စာပေဗဟုသုတကြွယ်ဝစေရေး၊ စာပေကိုချစ်မြတ်နိုးသော စာဖတ်ပရိသတ်များ အဆင်ပြေစေရေးအတွက်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာအုပ်၊ စာစောင်များကို စာဖတ် ပရိသတ်များထံသို့ သွားရောက်၍ ငှားရမ်းပေးခြင်းကို ယနေ့ နံနက်ပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ စာပေဗိမာန်စာမူဆုရစာအုပ်များ၊ ဝတ္ထုတို၊ ဝတ္ထုရှည်စာအုပ်များ၊ ကျန်းမာရေးစာအုပ်များ၊ ပုံပြင်စာအုပ်များ၊ စိတ်ခွန်အားကို မြှင့်တင်ပေးသည့် စာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ ရုပ်ပြစာအုပ်များကို မြို့နယ်စာရင်းစစ်ရုံး၊ စည်ပင်သာယာရေးဌာန၊ မြန်မာ့ စီးပွားရေးဘဏ်များသို့ သွားရောက်၍ ငှားရမ်းပေးခြင်းဖြစ်သည်။ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာဖတ်ရှိန် မြင့်မားလာစေရေးအတွက်   ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် တစ်လလျှင်(၂)ကြိမ် ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)