လှိုင်မြို့နယ် လူထုအ​ခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် Talk Show ကျင်းပပြုလုပ်

လှိုင် မေ ၅

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် မေလ ၈ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ကြက်ခြေနီနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် ကမ္ဘာ့ ကြက်ခြေနီနေ့အထိမ်းအမှတ် Talk Show အစီအစဉ်ကို ယနေ့နံနက် ၁၀း၀၀ က ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ Talk Show အစီအစဥ်တွင် လှိုင်မြို့နယ် ကြက်ခြေနီအသင်း ဒုတိယတပ်ဖွဲ့မှူး ဦးတင်အောင်လင်းမှ ကမ္ဘာ့ကြက်ခြေနီနေ့ ဖြစ်ပေါ်လာပုံအကြောင်းအရာများ၊ ကမ္ဘာ့ကြက်​ခြေနီနေ့ကို ကြက်ခြေနီအသင်းဝင်နိုင်ငံများတွင် ပြုလုပ်သော အကြောင်းအရာများ၊ ကြက်ခြေနီအသင်းဝင်တစ်ယောက်အနေဖြင့် ကြက်ခြေနီတပ်ဖွဲ့အသင်းဝင်များကို ပြောကြား လိုသော အကြောင်းအရာများနှင့် လူငယ်များအနေဖြင့် ကြက်ခြေနီအသင်းကို ထိန်းသိမ်း သင့်ပုံများ အစရှိသည်တို့ကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ရဲအောင်က ကျေးဇူးတင်စကားပြောကြားပြီး ယင်း Talk Show ဆွေးနွေးပွဲကို ပြည်သူများ ကြည့်ရှုလေ့လာမှတ်သားနိုင်စေရေးအတွက် လှိုင်မြို့နယ် ပြည်သူ့စာကြည့်တိုက် Page တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရသည်။

ကျော်ရဲအောင်(ပြန်/ဆက်)