စုကလိ ဇူလိုင် ၁၄
အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ စုကလိမြို့နေ ပြည်သူများ တွင်ကျယ်စွာ သိရှိဆောင်ရွက်နိုင်ပြီး (MSME) လုပ်ငန်းများအား တစ်ပိုင်တစ်နိုင်မှတစ်ဆင့် နိုင်ငံတော်၏ စီးပွားရေးကဏ္ဍများကို အထောက်အကူပြုစေရန် ရည်ရွယ်ချက်များဖြင့် “နိုင်ငံ့စီးပွားမြှင့်တင်ဖို့ အသေးစား၊ အလတ်စား စီးပွားရေးဆောင်ရွက်စို့” ခေါင်းစဥ်ဖြင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်ပိုင်းက စုကလိမြို့ လူထုအခြေပြုဗဟိုဌာန ပြည်သူ့စာကြည့်တိုက်တွင် ပြသခဲ့သည်။
အဆိုပါ နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေးလုပ်ငန်းအား ဆောင်ရွက်ကြရန်မှာကြားချက်များ၊ အသေးစား၊ အလတ်စား၊ အငယ်စားစီးပွားရေး လုပ်ငန်းအမျိုးမျိုး၊ တစ်ပိုင်တစ်နိုင်စနစ်မှ ကိုယ်ပိုင်လုပ်ငန်းရှင်ဖြစ်သည်အထိ ချိတ်ဆက် ဆောင်ရွက်ရမည့် အဖွဲ့အစည်းများ၊ စုကလိမြို့နေ ပြည်သူလူထုများ လက်ရှိတွင် ဆောင်ရွက်နေသည့် ဘိလပ်မြေအုတ်လုပ်ငန်း၊ ရိုးရာဂျပ်ခုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် ပတ်သက်သည့် လုပ်ငန်းများအား နံရံကပ်ပြဘုတ်တွင် ဝေဝေဆာဆာပြသထားရာ မြို့နေပြည်သူများ ကျောင်းသား/ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
ပိုပိုအောင်