ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူ​ရေးရာဦးစီးဌာန​တို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပ

ဒိုက်ဦး ဇူလိုင် ၁၃

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့ အမှတ် ၉ ရပ်ကွက် (မူလွန်)ဒါးပိန်စုကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူ​ရေးရာဦးစီးဌာန​တို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် စားသုံးသူ​ရေးရာဦးစီးဌာန ​မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်က စားသုံးသူရေးရာအကြောင်းသိကောင်းစရာအကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဆွေသက်အောင်က အာဇာနည်နေ့ကို မမေ့စေရန်ရည်ရွယ်၍ ဟောပြောပွဲကျင်းပရခြင်းဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်များ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲမိသော အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများတို့ကို ရှင်းလင်း​​ဟောပြောခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)