ကလေးခရိုင်လူထုအခြေပြုဗဟိုဌာနတွင် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုအခြေအနေများ Talk Show ကျင်းပ

ကလေး၊ ဇူလိုင် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကလေးခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုအခြေအနေ Talk Show ကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community center) ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှုး ဦးတွာလ်ဆွင်းဗန်က Talk Show ကျင်းပခြင်းနှင့်ပတ်သက်၍ ဦးစွာဆွေးနွေးပြောကြားခဲ့ပြီး ကလေးခရိုင် ကလေးခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးမင်းသိန်းက အသေးစား၊ အငယ်စားနှင့်အလတ်စား (MSMEs) ဖွဲ့စည်းထားရှိမှုအခြေအနေများ၊ (MSMEs) ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် လုပ်ငန်းဆောင်ရွက်နေမှုများ၊ Cluster အစုအဖွဲ့များ၊ One Region One Product လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများတွင် ချေးငွေထုတ်ချေးပေးနေမှုများ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် အလားအလာရှိသောလုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများအကြောင်းကို ဆွေးနွေးခဲ့သည်။

ကလေးခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများအသိဉာဏ်ပညာ ဗဟုသုတများ ဖွံ့ဖြိုး တိုးပွားနိုင်စေရန်အတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ စာပေမြတ်သူနိုးသူများဖြင့် Online Talk Showများ၊ စာဖတ်ဝိုင်း၊ အသိပညာပေးဆွေးနွေးများနှင့် သင်တန်းများကို အပတ်စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)