ငပုတောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန (Community Centre)ခန်းမ၌ စားသုံးသူရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

ငပုတော ဇူလိုင် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန (Community Centre) ခန်းမတွင်  မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူရေးရာ အသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၂၁ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီမှူး ဒေါ်မြင့်မြင့်စန်းက စားသုံးသူအခွင့်အရေး(၈)ချက်နှင့် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ဖော်ပြရမည့် အချက်များဖြစ်သော မြန်မာဘာသာဖြင့် ဖော်ပြရာတွင် သာမန်မျက်စိဖြင့် မြင်နိုင်သော စာလုံးအရွယ်အစား၊ ကုန်စည်အမျိုးအစားနှင့် အရွယ်အစားအပေါ် အ​ခြေခံ၍ လိုအပ်သည့် အချက်အလက်ကို စားသုံးသူများထံသို့ ရောင်းချသည့် ကုန်စည်ပေါ်တွင် ဖော်ပြပါရှိမှု ရှိ/မရှိ၊ ပြည်ပမှတင်သွင်းသော ကုန်ပစ္စည်းများကို သတ်မှတ်ချက်များနှင့် ညီညွှတ်ခြင်းမရှိပါက ဝယ်ယူစားသုံးခြင်း မပြုရန်နှင့် အခြားလိုအပ်သည်များကို ဖြည့်စွက် ဟောပြောခဲ့ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)