ပိုင်ကျုံ ဇူလိုင် ၂၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများတို့မှ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတရရှိစေရေးအတွက် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၁နာရီအချိန်က (မူလွန်-နောင်ခလုံး)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေဦးစွာ ဟောပြောပွဲတွင် တာဝန်ခံကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးက မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်တတ်သည့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ပြဿနာများ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်သည့် နောက်ဆက်တွဲ ဆိုးကျိုးပြဿနာများကို ရှင်းလင်းဆွေးနွေးပြီး ကျောင်းအုပ်ဆရာမကြီးက ကျောင်းသားလူငယ်များအားလုံး နားလည်သဘောပေါက်စေရန် ပိုးကရင်ဘာသာစကားဖြင့် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ပြသထားသော နံရံကပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
နော်ခူး (ပြန်/ဆက်)