အိမ်မဲ သြဂုတ် ၂၂
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး မိုးမင်းနိုင်သည် အိမ်မဲမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး လုပ်ကိုင်ကြသည့်တောင်သူများနှင့် သြဂုတ် ၂၀ ရက်နေ့ နံနက် ၉ နာရီအချိန်က အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်က မြို့နယ်အတွင်း မိုးစပါး (၁)ဧက (၁၀)တင်းနှုန်းပိုမိုထွက်ရှိစေရေး၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးနိုင်ရေးနှင့် ဆီဖူလုံစေရေးအတွက် နေကြညစနစ်တကျတိုးချဲ့ စိုက်ပျိုးစေရေးတို့ ပြောကြားခဲ့သည်။ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး ဦးစိန်မောင်မြင့်က စိုက်ပျိုးရေးဆောင်ရွက် ရာ၌ အကျိုးများစွာဖြစ်ထွန်းစေမည့် ဆောင်ရန်၊ ရှောင်ရန်များ၊ လိုက်နာရမည့် အကြောင်းအရာများကို လည်းကောင်း၊ အိမ်မဲမြို့နယ် စိုက်တိုးမြှင့်အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦး က မြို့နယ်အတွင်းဆောင်ရွက်ထားရှိသည့် စိုက်ပျိုးရေးဆိုင်ရာများကို ပရိုဂျက်တာဖြင့်လည်းကောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီးအခမ်းအနားတက်ရောက်လာသော တောင်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး အခမ်းအနားသို့ ခရိုင် စိုက်တိုးမြှင့်အဖွဲ့ ၊ မြို့နယ် စိုက်တိုးမြှင့်အဖွဲ့၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများနှင့် တောင်သူများအပါအဝင် စုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)