ကွန်ပျူတာသင်တန်း ဖွင့်လှစ်နိုင်​ရေး လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေး ကျင်းပ

 

​ရွှေဘို သြဂုတ် ၂၂

ရွှေဘိုခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန(Community Centre) ခန်းမတွင် ကွန်ပျူတာသင်တန်းများ ဖွင့်လှစ်နိုင်​ရေး ကြီးကြပ်မှု ဆပ်​ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကို ယမန်​နေ့နံနက်ပိုင်းက ခရိုင်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

​ရှေးဦးစွာ သင်တန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်​ရေးမှူး ဦးမျိုးဦးက သင်တန်းကြီးကြပ်မှု​ကော်မတီတွင် ပါဝင်​သောဌာနဆိုင်ရာများ အ​နေဖြင့် ဟန်ချက်ညီညီပူး​ပေါင်း​ဆောင်ရွက်ကြရန်​​ပြောကြားခဲ့ပြီး ခရိုင်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ လက်​ထောက်ညွှန်ကြား​ရေးမှူး ​ဒေါ်​အေးမြမွန်က ​ဝန်ထမ်းများ၊​ဒေသခံပြည်သူများ အချိန်ကို အကျိုးရှိရှိအသုံးချတတ်​စေရန်၊ နည်းပညာနှင့်အကျွမ်းတဝင်ဖြစ်​စေရန် ကွန်ပျူတာပညာရပ်ကို စနစ်တကျ​လေ့လာနိုင်​စေရန်ရည်ရွယ်၍ တိုင်း​ဒေသကြီးအစိုးရအဖွဲ့၏​ ထောက်ပံ့မှုဖြင့်ဖွင့်လှစ်​ပေးခြင်းဖြစ်​ကြောင်းနှင့် သင်တန်းဖွင့်လှစ်မည့်အစီအမံများကိုရှင်းလင်း​ဆွေး​​နွေးခဲ့သည်။

ထို့​နောက် သင်တန်းကြီးကြပ်မှု့​ကော်မတီဝင်များက သင်တန်းဖွင့်လှစ်နိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြရာသင်တန်းကြီးကြပ်မှုဆပ်​ကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်​ရေးမှူး ဦးမျိုးဦးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ခရိုင်ပြန်/ဆက်