နယ်ရုံးများ၏သတင်းများ

Jun 15,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၁၀)နာရီက လူငယ်နှင့်ရည်မှန်းချက် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 15,2023
စစ်ကိုင်းတိုင်း​ဒေသကြီး၊ ဟုမ္မလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ရုံးမှ လာမည့် ဇွန်လ ၂၆ရက်နေ့ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ယနေ့နံနက် ၁၀ နာရီအချိန်တွင် လူထုအ​ခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပန်းချီပြိုင်ပွဲနှင့် ဟောပြောပွဲ ကျင်းပခဲ့ကြောင်းသိရသည်။
Jun 15,2023
ပျော်ဘွယ်မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်သို့ လာရောက်အသုံးပြုနေသည့် စာပေဝါသနာရှင် ကျောင်းသားလူငယ်များ စုပေါင်း၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခြင်းကို ဇွန်(၁၄)ရက်၊ မွန်းလွဲ(၁)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 15,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေကူမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးများ ထဲက မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်အကြောင်း အသိပညာပေး Talk Show ကို ဇွန် ၁၅ ရက် နံနက် ၁၀ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Jun 15,2023
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများအား အသိပညာပေးလုပ်ငန်းများ ဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်းကာ တိုင်းရင်းဆေးပညာနှင့် ရာသီတုပ်ကွေးအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ကျင်းပခဲ့သည်။
Jun 15,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအုပ်စု၊ ဇီးဖြူကုန်း ကျေးရွာရှိ ငါးလုပ်ငန်းသိပ္ပံ (တွံတေး) ကျောင်းတွင် အနာဂတ်လူငယ်လူရွယ်များ အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ဇွန်လ ၁၃ ရက်နေ့ မွန်းလွဲ (၂) နာရီအချိန်က အဆိုပါကျောင်း၌ကျင်းပခဲ့ကြောင်း သိရသည်။
Jun 15,2023
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် စာရေးဆရာအသင်းတို့ပူးပေါင်းပြီး စာဖတ်ခြင်း၏ အကျိုးကျေးဇူး ခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို ယမန်နေ့နံနက်(၉)နာရီတွင် လူထုအခြေပြုဗဟိုဌာန သင်တန်း ခန်းမ၌ ကျင်းပခဲ့သည်။