Jun 15,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးနှင့် လားရှိုးမြို့နယ် စာရေးဆရာအသင်း တို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ပြပွဲ၊ပြိုင်ပွဲများနှင့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်ပြပွဲ၊ ပြိုင်ပွဲများကို လားရှိုးမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) တို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။